ခံစားတတ်​​သောနှလုံးသားရှိသူတို့၏​နေရာ မှ ကြိုဆိုပါ၏။ Post တတစ်​ခုဖတ်​ပြီးတိုင်း comment ​ပေးခဲ့ပါရန်​ ​မေတ္တာရပ်​ခံအပ်​ပါတယ်​။ ဒီ​နေရာ​လေးက​နေ သင်​တစ်​ခုခုရရှိသွားလိမ့်​မည်​ဟု ​မျှော်​လင့်​ပါတယ်။
Home » » ငါပြန်လာနိုင်ပါ့အုန်းမလား

ငါပြန်လာနိုင်ပါ့အုန်းမလား


ငါပြန်လာနိုင်ပါ့အုန်းမလား

သိကိန်းနဲ့စတဲ့မနက်ဖြန်ထဲမှာ ကျွန်တော်တစ်ယောက် ဘယ်အချိန်ထိ လွင့်မျှော်နေအုန်းမှာလဲ။
အိမ်ပြန်ချိန်တွေ ပျောက်ဆုံးခဲ့ပြီလား။
မျှော်လင့်ချက်တွေ အငွေ့ပြန်သွားခဲ့ပြီလား။
နေရာဟောင်းကို ပြန်တမ်းတမိပါရဲ့။
ငါဟာ ချောက်နက်ကြီးထဲ ခုန်ချဖို့ အသင့်ဖြစ်နေရဲ့လား။
ငါ ငိုချင်မိပါရဲ့။
အရာအားလုံးဟာ ငါ့ကို ကျောခိုင်းသွားခဲ့ပြီလား။
မသိကိန်းနဲ့စတဲ့ မနက်ဖြန်မှာ ငါဟာ ပျောက်ဆုံးခဲ့ရပေါ့...။
ရည်ရွယ်ထားတဲ့ စာမျက်နှာများ ဆုတ်ဖြဲပစ်ခဲ့ရပေါ့...။
ငါဟာ အမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားရတော့မတဲ့လား......။
ငါ ပြန်ချင်ပြီ....
နေရာဟောင်းကို လွမ်းမိနေပြီ။
ငါဟာ တစ္ဆေတစ်ကောင်လို့ ညအမှောင်ထဲ လမ်းပျောက်နေမိပါရဲ့..။
ငါ့အတွက် အလင်းလိုအပ်တယ်။
ငါ့အတွက် ဥပက္ခာတရား လိုအပ်တယ်။
င့ါအတွက် ရက်စက်ခြင်းတွေ လိုအပ်တယ်။
ငါ့အတွက် အတိတ်မေ့ခြင်းတွေ လိုအပ်တယ်။
ငါနေရာဟောင်းကို ငါပြန်လာဖို့ လိုအပ်တယ်။
ငါ့သူငယ်ချင်းတွေကို ငါပြန်တွေ့ဖို ငါလိုအပ်တယ်။
ဒါပေမယ့် ငါ ပြန်လာနိုင်ပါ့အုန်းမလား။
အနာဂတ်မပြောနဲ့..ပစ္စုပန်မှာတောင် ငါဟာ ယောင်လည်လည်ဖြစ်သွားခဲ့ပေါ့...။

 

0 comments:

Post a Comment

ခေတ္တ​စောင့်​ပါ...