ခံစားတတ်​​သောနှလုံးသားရှိသူတို့၏​နေရာ မှ ကြိုဆိုပါ၏။ Post တတစ်​ခုဖတ်​ပြီးတိုင်း comment ​ပေးခဲ့ပါရန်​ ​မေတ္တာရပ်​ခံအပ်​ပါတယ်​။ ဒီ​နေရာ​လေးက​နေ သင်​တစ်​ခုခုရရှိသွားလိမ့်​မည်​ဟု ​မျှော်​လင့်​ပါတယ်။

နောက်ဆုံးအနမ်း


နောက်ဆုံးအနမ်း

 

 

မှတ်မှတ်ရရ

ထိုနေ့က

ကျွန်တော်တို့ ချိန်းထားခဲ့ကြသည် . .

 

ချိန်းထားတာ

နောက်ကျ၍

ကျွန်တော် ပြန်ခဲ့လိုက်သည် . .

 

ကျွန်တော်ရှိရာသို့

များမကြာမီ . .

သူရောက်လာသည်

ကျွန်တော်အရမ်းပျော်သွားခဲ့သည် . .

 

သူမနှင့် ကျွန်တော်

စကားတွေ့ဆှုံ ဆွေးနွးကြသည် . .

သူမနှင့် ကျွန်တော်၏

ပစ္စုပ္ပန်နှင့် အနာဂတ်

အခက်အခဲများအတွက်ပေါ့ . .

 

သူမနှင့် ကျွန်တော်

ထမင်းအတူတူစားခဲ့ကြသည် . .

အခက်အခဲများကို

မေ့ဖျောက်၍

နှစ်ဦးအတူတူကြည်နူးခဲ့ကြသည် . .

 

ပြန်ချိန်ကို ရောက်လာခဲ့သည် . .

သူမ ပြန်ရတော့မည်

ကျွန်တော် လိုက်ပို့ခဲ့သည် . .

ရင်ထဲ မချိစွာပေါ့

ကျွန်တော့်ကို လမ်းကြားလေးတွင်

သူမ နမ်း၍

ပြေးသွားသည် . .

 

သည်မှစ၍ . .

သူမ၏ အနမ်းလေးကို

ကျွန်တော် ဘယ်သောအခါမှ

မရတော့သော . .

ကျွန်တော့်အတွက် သူမ၏

နောက်ဆုံးအနမ်း ပင်ဖြစ်တော့သည် . . . . . ။              

 

 

သော်မျိုးလွင်

( မြန်မာစာ (အဝေးသင် ပထမနှစ် ဒဂုံတက္ကသိုလ်))

 

၁၂း ၁၁ မနက်

၎ ရက် ၁၁ လ ၂၀၁၀ ခုနှစ်

ကိုယ်ပိုင်ကဗျာ

 

0 comments:

Post a Comment

ခေတ္တ​စောင့်​ပါ...