အငြိုးတွေနဲ့ . . မုန်တိုင်းခတ်ထန်
ငါတို့နှစ်ယောက်ကြား . ..
တံတိုင်းတွေ ထပ်ခါကာ
ပင်လယ်အသွယ်သွယ်
အချစ်နဲ့ ဖြတ်ကူးပြီးကာမှ
နေမင်း ဘာလို့ ပူရတယ်။
ကျောမလုံ မိုးမလုံ
ဘ၀မွဲ မဟုတ် ၊
အချစ်တွေ ပြိုကျပြီးကာမှ
နတ်ဆိုးချစ်လိုက်ပုံက
မောင်ယဉ်ဆိုင်းထမ်း တဲ့လား။
မောင်က ခွန်စံလော၊
မေ က . . နန်းဦးပြင်ဆိုမှတော့
အဲ့ဒီ လငပုပ် ဖမ်းသလို မျက်နာထားနဲ့
မင်းမိဘတွေကို မုန်းတယ်။
ချစ်သူ ဘ၀ဖျက်တဲ့
ရက်စက်ခြင်းတွေကြား
(မယုံနိုင်လွန်းလို့)
မေ့တမလွန်ခရီး
အိပ်မက်တခုသာ ဖြစ်လိုက်ပါတော့ .။
အငြိုးသိုသို . .
မျက်ရည် ပြိုကြား. ..
ချစ်သူနှင့်ကွေကွင်းရခြင်း မှ ကင်းဝေးရာ
ဆုတောင်း တစ်ခုသာ ပြည့်စုံပါတော့လား .. .။
ဝမ်းဘဲ (Kiss)
0 comments:
Post a Comment