ခံစားတတ်​​သောနှလုံးသားရှိသူတို့၏​နေရာ မှ ကြိုဆိုပါ၏။ Post တတစ်​ခုဖတ်​ပြီးတိုင်း comment ​ပေးခဲ့ပါရန်​ ​မေတ္တာရပ်​ခံအပ်​ပါတယ်​။ ဒီ​နေရာ​လေးက​နေ သင်​တစ်​ခုခုရရှိသွားလိမ့်​မည်​ဟု ​မျှော်​လင့်​ပါတယ်။
Home » » သင့်ကောင်မလေး သင့်ကိုပစ်သွားစေနိုင်တဲ့ အကျင့် ၉ ခု

သင့်ကောင်မလေး သင့်ကိုပစ်သွားစေနိုင်တဲ့ အကျင့် ၉ ခု



တစ်ခါတစ်လေမှာ စကားပြောကောင်းတဲ့သူ၊ တောင်းပန်တာ တော်တဲ့သူတွေဟာ သူတို့ချစ်သူ သူတို့ကို ပစ်မသွားရအောင် တားဆီးနိုင်ပါတယ်။ ပြသနာကနေ အိပ်ရာပေါ်ကို ပြောင်းလွှဲပစ်နိုင်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက် ကျွန်တော်တို့ ယောက်ျားတွေ အမှတ်တမဲ့ လုပ်လိုက်မိတာလေးတွေက သင်တို့စုံတွဲအကြား မီးတောက်သွားစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဘယ်လိုမှ ပြန်တောင်းပန်မရအောင် ဖြစ်သွားစေနိုင်ပါတယ်။ အဲဒိထဲက အဆိုးဆုံး ၉ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁. တခြားမိန်းမအမည် ယောင်ပြီးထွက်သွားခြင်း

လူတိုင်းဟာ အိပ်ရာပေါ်ရောက်ရင် အိပ်မပျော်ခင် ဟိုဟိုဒီဒီ စဉ်းစားလေ့ရှိပါတယ်။ အဲဒိမှာ ပါးစပ်ကယောင်ပြီး ထွက်လေ့ရှိပါတယ်။ တကယ်လို့ သင့်ရဲ့ လုပ်ဖော်ကိုင်ဘက် မိန်းကလေး၊ ဒါမှမဟုတ် ရည်းစားဟောင်းအမည်ကို ယောင်ပြီးထွက်မိရင်တော့ သွားပါပြီ။ ကွိုင်အကြီးကြီး တက်တာပါပဲ။

၂. နှစ်ကိုယ်ကြားပုံတွေ ပေါက်ကြားခြင်း

ခုချိန်မှာ သင့်ရည်းစားနဲ့သင် တိုးတိုးတိတ်တိတ်ပုံတွေ ပို့တာဟာ အဆန်းမဟုတ်ပါဘူး။ အဲဒါတွေဟာ တစ်ပါတ်လောက် ခွဲနေရရင် တော်တော် အသုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သင်က လုံးဝ အသက်ပေးပြီး စောင့်ရှောက်ရမှာပါ။ သူငယ်ချင်းတွေ တွေ့သွားရင်၊ သင်က ပြမိရင် အဲဒါကို သူသိသွားရင် မိုးမီးလောင်တာပါပဲ။ ကိစ္စကြီးရင် အမျိုးသမီးရေးရာကနေ ထောင်ထဲ ရောက်နိုင်ပါတယ်။

၃. တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်း

၂၁ ရာစုမှာ ယောက်ျားတွေဟာ အလုပ်ကြမ်းလုပ်ပြီး "ယောက်ျားနံ့" ထွက်နေရမှာမဟုတ်ပါဘူး။ သန့်သန့်ရှင်းရှင်း ရှိနေရမှာပါ။ ယောက်ျားလေးအဖော်တွေနဲ့ တောပစ်ထွက်တဲ့အခါတော့ နေချင်သလိုနေပါ။ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပါ။ သင်ကံကောင်းရင် သူမကသင့်ကို ချေးတွန်းပေးဖို့ ကူညီပါလိမ့်မယ်။

၎. ကပ်စီးကုပ်ခြင်း

ပိုက်ဆံချွေတာတာကို သူမသဘောကျမှာပါ။ ဒါပေမယ့် ပန်းအနွမ်းတွေကို ဈေးပေါလို့ဆိုပြီး သူမအတွက် ဝယ်လာရင်တော့ အမှားကြီးမှားသွားပါပြီ။ သူမအတွက် ရှိသမျှ အကုန် ထုတ်သုံးခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုလိုချင်ရင် တစ်ခုတော့ ပေးရမှာပါ။ ချစ်ဇာတ်လမ်းတွေဟာ ကုန်ကျစရိတ် မရှိပဲ ဖြစ်မလာနိုင်ပါဘူး။

၅. ရည်းစားကို အမေလို သဘောမထားပါနဲ့

တော်တော်များများ ယောက်ျားတွေဟာ သူတို့အမေနဲ့တူတဲ့ မိန်းမတွေကို ကြိုက်တတ်ကြပါတယ်။ ရပါတယ်။ ဒါပေမယ့် သင့်ရည်းစားကို အမေလို သဘောမထားပါနဲ့။ ရည်းစားလိုပဲ သဘောထားပါ။ သင့်အိပ်ရာထဲမှာ ရှိတာက လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကလို သင့်အမေ မဟုတ်တော့ပါဘူး။

၆. သူမကို ဂရုစိုက်ပြပါ

သင့်ကောင်မလေးက ဒီနေ့ အဆင်ပြေလား လို့ မေးရင် သင့်အကြောင်းကိုပဲ ဆက်တိုက်ပြောမနေပါနဲ့။ ခဏပြောပြီး သူ့ကို အဲ့လို ပြန်မေးပါ။ သင့်အကြောင်းကိုချည်း တစ်ညလုံးပြောပြနေလို့ကတော့ သူမအရမ်း စိတ်ပျက်သွားပါလိမ့်မယ်။

၇. ပါတီတွေမှာ အရမ်းမကဲပါနဲ့

သူမက သင် ကတာနဲ့ ပျော်ပျော်နေတတ်တာကို ကြိုက်မှာပါ။ ဒါပေမယ့် မူးရူးပြီး လုပ်ချင်တိုင်းလုပ်နေတာကိုတော့ ယောက်ျားလေးတွေပဲ ကြိုက်မှာပါ။ သူမက အဲဒါကို မုန်းပါတယ်။ ပါတီမှာအရမ်းကဲတာရဲ့ အကျိုးဆက်၊ အန်ပြီး ခေါင်းကိုက်နေတဲ့၊ အရက်နာကျနေတဲ့ သူတစ်ယောက်ကို ပြုစုရတာ သူမအတွက် စိတ်ပျက်စရာပါ။

၈. သူမကိုမပြောပဲ တခြား လိင်ဆက်ဆံမှုပုံစံတွေ မလုပ်ပါနဲ့

ဘယ်တော့မှ သူမကို မပြောပဲ အသစ်အဆန်းပုံစံတွေ မလုပ်ချင်ပါနဲ့။ သင့်ကို စိတ်ဆိုးရင်စိတ်ဆိုး၊ မဆိုးရင်ဖြတ်သွားပါလိမ့်မယ်။ သူမကို အရင်မေးကြည့်ပါ။ သူမကြောက်နေရင် ဖျောင်းဖျပေးပါ။

၉. တခြားတစ်ယောက်နဲ့ ဖောက်ပြန်တာ

ဒါကတော့ အရေးတကာ အရေးကြီးဆုံးပါ။ ချစ်ဇာတ်လမ်းတွေရဲ့ အဓိက ဖျက်ဆီးသူပါ။ သင်နားလည်မယ် ထင်ပါတယ်။ "တစ်ခေါက်ထဲပါ" လဲ တောင်းပန်လို့ရမယ် မထင်ပါနဲ့။ သူမ သင့်ကို ခွင့်လွှတ်ပေးခဲ့ရင်တောင် သံသယတော့ ဆက်ပွားနေမှာပါ။ သင် ဖောက်ပြန်တာ သိသွားရင် သင့်ပါတ်ဝန်းကျင်က မိန်းမပျိုတွေ အားလုံးပါ သင့်ကို ချဉ်သွားပါလိမ့်မယ်။

Credit-Gentleman

0 comments:

Post a Comment

ခေတ္တ​စောင့်​ပါ...