ခံစားတတ်​​သောနှလုံးသားရှိသူတို့၏​နေရာ မှ ကြိုဆိုပါ၏။ Post တတစ်​ခုဖတ်​ပြီးတိုင်း comment ​ပေးခဲ့ပါရန်​ ​မေတ္တာရပ်​ခံအပ်​ပါတယ်​။ ဒီ​နေရာ​လေးက​နေ သင်​တစ်​ခုခုရရှိသွားလိမ့်​မည်​ဟု ​မျှော်​လင့်​ပါတယ်။
Home » » သစ်​ကိုင်းက​လေး ကျိုးကျချိန်

သစ်​ကိုင်းက​လေး ကျိုးကျချိန်

အငြိုး​တွေနဲ့..မုန်​တိုင်းခက်​ထန်
ငါတို့နှစ်​​ယောက်​ကြား. ..
တံတိုင်း​တွေ ထပ်​ကာ
ပင်​လယ်​အသွယ်​သွယ်
အချစ်​နဲ့ဖြတ်​ကူးပြီးကာမှ
နေမင်းဘာလို့ပူရတယ်​။

ကျောမလုံမိုးမလုံ
ဘဝမွဲ မဟုတ်​၊
အချစ်​​တွေ ပြိုကျပြီးကာမှ
နတ်​ဆိုးချစ်​လိုက်​ပုံက
'  ' ​မောင်​ယဉ်​ဆိုင်းထမ်း'  ' တဲ့လား။

မောင်​ကခွန်​စံ​လော၊
မေ က နန်းဦးပြင်​ဆို​မှ​တော့
အဲ့ဒီလငပုပ်​ ဖမ်းသလိုမျက်​နှာထားနဲ့
မင်းမိဘ​တွေကိုမုန်းတယ်​။

ချစ်​သူဘဝဖျက်​တဲ့
ရက်​စက်​ခြင်း​တွေကြား
(မယုံနိုင်​လွန်းလို့)
မေ့တမလွန်​ခရီး
အိပ်​မက်​တစ်​ခုသာ ​ဖြစ်​လိုက်​ပါ​တော့ .။

အငြိုးသိုသို . .
မျက်​ရည်​ပြိုကြား. ..
ချစ်​သူနှင့်​​ကွေကွင်းခြင်း မှ ကင်း​ဝေးရာ
ဆု​တောင်းတစ်​ခုသာ ပြည့်​စုံပါ​တော့လား .. .။



1 comments:

ခေတ္တ​စောင့်​ပါ...